လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် အ.ထ.က (၁) မှ ၂၀၂၄ ခုနှစ် လူရည်ချွန် မရွှန်းလဲ့လဲ့ရည် (Grade-12) အား ဂုဏ်ပြုပွဲကျင်းပ

လပွတ္တာ မေ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် အ.ထ.က (၁) မှ ၂၀၂၄ ခုနှစ် လူရည်ချွန် မရွှန်းလဲ့လဲ့ရည် (Grade-12) အား ဂုဏ်ပြုပွဲကို ယနေ့နံနက်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ရွေးနဒီခန်းမ၌ကျင်းပခဲ့သည်။

အခမ်းအနားတွင် လပွတ္တာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦး၊ ဟလပွတ္တာခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူး ဦးစကြည်အောင်၊ အတန်းပိုင်ဆရာမဒေါ်ကျော့သန္တာလှိုင်တို့က ဂုဏ်ပြုအမှာစကားအသီးသီး ပြောကြားခဲ့ကြသည်။

ဆက်လက်၍ အ.ထ.က (၁) မှ ၂၀၂၄ ခုနှစ် လူရည်ချွန်မရွှန်းလဲ့လဲ့ရည် (Grade-12) က ချောင်းသာ-ငွေဆောင် လူရည်ချွန်စခန်း အတွေ့အကြုံများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် လပွတ္တာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မြို့နယ်ပညာရေးမှူးတို့က ဂုဏ်ပြုဆုတံဆိပ်နှင့်ဆုငွေကျပ်သိန်း (၂၀) ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မူမူ