ပန်ဆောင် မေ ၇
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့အတွင်း ရပ်ကွက်၊ ကျေးရွာများရှိ အသက်နှစ်လမှအသက်တစ်နှစ်ခွဲအောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့ပြည်သူ့ဆေးရုံ၌ ထိုးနှံကြောင်းသိရသည်။
ပုံမှန်ကာကွယ်ဆေးထိုးနှံရာတွင် မြို့ကျန်းမာရေးဌာနမှ ကျန်းမာရေးဆရာမများက အသက်နှစ်လမှ အသက် တစ်နှစ်ခွဲကလေးငယ်များအား ကြက်ညှာချောင်းဆိုး၊ ဆုံဆို့နာ၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ အသည်းရောင် အသားဝါ (ဘီ) စသည့် ငါးမျိုးစပ်ကာကွယ်ဆေးထိုးနှံခြင်း၊ ဆေးတိုက်ခြင်းများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေးများ ထိုးနှံပေးကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုပ်ငန်းကို မြို့ပြည်သူ့ဆေးရုံ၊ ရပ်ကွက်၊ ကျေးရွာများရှိ ကျန်းမာရေးဆေပေးခန်းများတွင် လစဉ်လဆန်းရက်မှစတင်၍ ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဂျာယော် (ပန်ဆောင်)