လဟယ် မေ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင်နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်-၇၊ ရိုးရာဂျပ်ခုတ်သင်တင်တန်းအမှတ်စဉ်-၁၉ သင်တန်းဆင်းပွဲကို ယနေ့နံနက် (၉) နာရီအချိန် အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ပါသည်။
ရှေးဦးစွာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် လူ့စွမ်းအားအရင်းအမြစ်တစ်ခုဖြစ်သောအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာတက်မြောက်စေရန်အတွက် မြန်မာနိုင်ငံအတွင်းမှာ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူငယ်များထဲမှ အသိပညာရှင်၊အတက်ပညာရှင်များပေါ်ပေါက်လာစေရန်အတွက် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေစ ဒီဂရီကောလိပ်(၂)ခုကို ရန်ကုန်နှင့်စစ်ကိုင်းမြို့တို့တွင် ဖွင့်လှစ်ပေးခဲ့သည့်အပြင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူငယ်များ ဖွင့်ဖြိုးရေးသင်တန်းကျောင်း (၄၈) ကျောင်း၊ စက်မှုလက်မှုသင်တန်းကျောင်း (၉) ကျောင်း၊ အိမ်တွင်းမှုကျောင်း (၄၇) ကျောင်းကို ရည်ရွယ်ချက် (၅) ချက်နှင့်အညီ ဖွင့်လှစ်ပြီးအိမ်တွင်းမှုပညာရပ်များကို သင်ကြားပေးလျက်ရှိပါကြောင်း အဆိုပါသင်တန်းမှ ထူးချွန်စွာအောင်မြင်သော သင်တန်းသူတစ်ဦးကိုလည်း အပ်ချုပ်စက်တစ်စုံထောက်ပံ့ပေးလျက်ရှိပြီး လဟယ်အိမ်တွင်းမှုသင်တန်းကျောင်းကို ၂၆-၁၂-၂၀၀၅ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့အထိ အဆင့်မြင့်စက် ချုပ်သင်တန်းအမှတ်စဉ် (၁) မှ (၃၅) အထိသင်တန်းသူ (၂၆၀) ဦး ၊ အခြေခံအိမ်တွင်းမှုသင်တန်းအမှတ်စဉ် (၁) မှ (၃၉) အထိ (၈၂၈) ဦး၊ ရိုးရာဂျပ်ခုတ်သင်တန်းအမှတ်စဉ် (၁) မှ (၁၉) အထိ (၁၃၃) ဦး၊ သိုးမွေးစက်ဆွဲအမှတ်စဉ် (၁) မှ (၁၇) အထိ (၈၇) ဦး၊ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း (၁) မှ (၇) အထိ (၁၈၉) ဦး စုစုပေါင်းသင်တန်းသူ (၁၄၉၉) ဦးတို့ကို မွေးထုပ်သင်ကြားပေးခဲ့ကြောင်း ပြောကြားပါသည်။
အဆိုပါသင်တန်းဆင်းပွဲသို့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးလင်းကိုကိုနှင့်အဖွဲ့ဝင်များ၊ လဟယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဇာနည်ဝင်းနှင့်အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြဆရာမများ၊ သင်တန်းဆင်းသင်တန်းသူများ တက်ရောက်ပြီး သင်တန်းကာလ (၂၂) ပတ်ကြာမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)