ချောင်းဆုံ ဧပြီ ၂၇
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များ စွမ်းရည်မြှင့်မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၉) နာရီက ချောင်းဆုံအရှေ့ရပ်ကွက်ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ် အမှတ် (၆) တိုက်ပွဲဝင် စည်းရုံးရေးသင်တန်းကျောင်းခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
အခမ်းအနားတွင် အမှတ် (၆) တိုက်ပွဲဝင်စည်းရုံးရေး သင်တန်းကျောင်း ဒုတိယကျောင်းအုပ်ကြီး ဗိုလ်မှူး အောင်အောင်ထွန်းက သင်တန်းဖွင့်မိန့်ခွန်းပြောကြားကာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး သင်တန်းသားများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီးနောက် တာဝန်ရှိသူများမှ သင်တန်းတက်ရောက်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်အားပေးခဲ့ကြသည်။
အဆိုပါသင်တန်းကို မြို့နယ်အတွင်းရှိ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင် (၅၀) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလ (၄) ပတ်ကြာပြုလုပ်သွားမည်ဖြစ်ကြောင်းကြောင်း သိရသည်။
ကိုကျော်