မိုင်းယန်း ဧပြီ ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့(မြို့ပေါ်လုံခြုံရေးတာဝန်) စွမ်းရည်မြှင့် မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲက အမှတ်(၂၈၁)ခြေလျင်တပ်ရင်းခန်းမ၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေး ကြီးကြပ်ကွပ်ကဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးလင်းသန့်က ဖွင့်ပွဲမိန့်ခွန်းပြောကြားပြီး ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးကြီးကြပ်ကွပ်ကဲမှုအဖွဲ့ဝင် ဗိုလ်မှူးကျော်မင်းဋ္ဌေးမှ သင်တန်းတွင် သင်ကြားမည့် သင်ခန်းစာများနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးကြီးကြပ်ကွပ်ကဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇင်ဦးက ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ထံသို့ ထောက်ပံ့ငွေများလွှဲပြောင်းပေးအပ်ရာ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးကြီးကြပ်ကွပ်ကဲမှုအဖွဲ့ဝင် ဗိုလ်မှူးကျော်မင်းဋ္ဌေးမှ လက်ခံရယူခဲ့ကြောင်း သိရသည်။
သင်တန်းအား (၂၇-၄-၂၀၂၆)ရက်နေ့မှ (၂၄-၅-၂၀၂၆)ရက်နေ့အထိ သင်ကြားပေးသွားမည်ဖြစ်ရာ ခရိုင်ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေး ကြီးကြပ်ကွပ်ကဲမှုအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ သင်တန်းနည်းပြများနှင့်သင်တန်းသားများအားတွေ့ဆုံ၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းထူး