သဲကုန်း ဧပြီ ၂၇
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ယမန်နေ့က မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့တွင် နေအိမ်တစ်လုံးပြို၍ နေအိမ်အချို့ အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။
သဲကုန်းမြို့နယ်အတွင်း မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ဆင်မြီးဆွဲမြို့၊ အောင်ရတနာရပ်ကွက်ရှိ နေအိမ်တစ်လုံးပြိုကျပျက်စီးဆုံးရှုံးခဲ့ပြီး၊ နေအိမ်တစ်လုံးအမိုးလန်ပျက်စီးဆုံးရှုံးခဲ့၍၊ ခေတ်သစ်ရတနာရပ်ကွက်ရှိ နေအိမ်တစ်လုံးအမိုးလန်ပျက်စီးဆုံးရှုံးခဲ့ရာ လူနှင့်တိရစ္ဆာန်များထိခိုက်သေဆုံးမှုမရှိခဲ့ကြောင်း၊ လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်အိမ်ထောင်စု (၃) စုမှ ကျား (၅) ဦး၊ မ (၇) ဦး စုစုပေါင်း (၁၂) ဦးတို့အား မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် တာဝန်ရှိများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သော နေအိမ်များ ပြန်လည်ပြုပြင်နိုင်ရေး စီစဥ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ကိုကျော်