နတ်မောက် ဧပြီ ၂၇
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ (မြို့ပေါ်လုံခြုံရေးတာဝန်) စွမ်းရည်မြှင့်မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက် ၇ နာရီအချိန်က ပိတောက်ငုတ်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်ဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်မြင့်သူက ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ (မြို့ပေါ်လုံခြုံရေးတာဝန်) စွမ်းရည်မြှင့်မွမ်းမံသင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များ အားရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးက ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ (မြို့ပေါ်လုံခြုံရေးတာဝန်) စွမ်းရည်မြှင့်မွမ်းမံသင်တန်းအတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးသော ငွေသား(၅)သိန်းကျပ်အား မြို့နယ်ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးကြီးကြပ်ကွပ်ကဲမှုအဖွဲ့ဥက္ကဋ္ဌမှ သင်တန်းမှူးထံ ပေးအပ်ခဲ့သည်။ အဆိုပါသင်တန်းအား သင်တန်းသား(၅၀)ဦးဖြင့် ဖွင့်လှစ်ခဲ့ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်လတ်မိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်လ.ဝ.ကဦးစီးမှူးနှင့် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှဝင်း