ချောက်မြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်

ချောက် ဧပြီ ၂၇

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ ရက်(၁၀၀)စီမံချက်ဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၁၀)ရပ်ကွက် အေးစေတီရပ်နှင့်အမှတ် (၁၃)ရပ်ကွက် အာရှရပ်တွင်စုပေါင်း၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်ကြီး ဒေါက်တာမျိုးသက်ဦး၊ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်သောအဖွဲ့တို့က ရပ်ကွက်များသို့ သွားရောက်ကာ သွေးလွန်တုပ်ကွေးရောဂါကာကွယ်‌ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းဖြစ်သည့် ခြင်ကျားလောက်လန်းနှိမ်နင်းရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခတ်လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းနှင့် ဆက်လက်၍လည်းကျန်ရှိ နေ‌သောရပ်ကွက်များ၊ မြို့နယ်အတွင်းရှိ ကျေးရွာများတွင်လည်း ရက် ၁၀၀ စီမံချက်ဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)