ရွှေကောင်းမှုတော်စေတီ ထုံးသင်္ကန်းဆက်ကပ်ပူဇော်လှူဒါန်းပွဲ၊ ဗုဒ္ဓဘိသေကအနေကဇာတင်လှူပွဲနှင့် ရွှေဘုန်းမြင့်စေတီတော် စိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲအခမ်းအနားကျင်းပ

မြစ်ကြီးနား ဧပြီ ၂၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အောင်ဇေရန်အောင်သပြေ တစ်ထောင်ကျောင်းတိုက်၌ ရွှေကောင်းမှုတော်စေတီ ထုံးသင်္ကန်းဆက်ကပ်ပူဇော်လှူဒါန်းပွဲ၊ ဗုဒ္ဓဘိသေကအနေကဇာတင်လှူပွဲနှင့် ရွှေဘုန်းမြင့်စေတီတော် စိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့၊ နံနက်ပိုင်းက အဆိုပါကျောင်းတိုက်ဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးဗိုလ်ချုပ်အောင်ဇော်ထွေးနှင့်ဇနီး၊ တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများနှင့်ဇနီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ တပ်နယ်တပ်ရင်း/ တပ်ဖွဲ့မှူးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့်အလှူရှင်များ၊ ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ရွှေကောင်းမှုတော်စေတီတော်အား ဗုဒ္ဓဘိသေကအနေကဇာတင်လှူပူဇော်ခဲ့ပြီး တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ခဲ့ကာ မြစ်ကြီးနားမြို့၊ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကေတုမာလာထံမှ ကိုးပါးသီလ တရားတော်မြတ်အား နာယူဆောက်တည်ခဲ့ကြပြီး ဆရာတော်အရှင်သူမြတ်များက အန္တရာယ်ကင်း ပရိတ်တရားတော်မြတ်များအား ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းမှူးနှင့်တာဝန်ရှိသူများ၊ ပြည်နယ်ဝန်ကြီးတို့က စိန်ဖူးတော်၊ ငှက်မြတ်နား တော်များနှင့် အရန်စေတီထီးတော်များအား ဆရာတော်ဘဒ္ဒန္တ ကေတုမာလာထံသို့ ဆက်ကပ်လှူဒါန်း ခဲ့ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ ရွှေဘုန်းမြင့်စေတီတော်အား လက်ယာရစ်သုံးကြိမ်လှည့်လည်ပူဇော်၍ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် အရန်စေတီထီးတော် များအား အမွှေးနံသာရည်များဖြင့် ပတ်ဖျန်းပူဇော်ခဲ့ကြသည်။

ထို့နောက် စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်အား ရွှေဘုန်းမြင့်စေတီတော်ကြီး၌ တင်လှူပူဇော်ခဲ့ပြီး ရတနာရွှေမိုးငွေမိုးများ ရွာသွန်းပေးခဲ့ကြောင်း သိရှိသည်။

ပြည်နယ်(ပြန်/ဆက်)