ပေါင်းတည်၌ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် အပူဒဏ်ကာကွယ်ရေး မိုးရာသီသစ်ပင်များ စိုက်ပျိုးရန်ပျိုးထောင်
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ် သစ်တောဦးစီးဌာနက သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်နှင့် ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရေးအတွက် ရည်ရွယ်၍ ၂၀၂၄ ခုနှစ် မိုးရာသီအတွက် စိုက်ပျိုးနိုင်ရန် ပျိုးဥယျာဉ်ခြံတွင် ပျိုးပင်များ ပျိုးထောင်လျက်ရှိကြောင်း သိရသည်။