မိတ္ထီလာ မေ ၁၃
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၌ မေလ၂ရက်နှင့် ၄ ရက်နေ့တို့က လေပြင်းတိုက်ခတ်မှုကြောင့် ရပ်ကွက်နှင့်ကျေးရွာများတွင် လူနေအိမ်များ ပျက်စီးဆုံးရှုံးမှုများဖြစ်ပွားခဲ့ရာ အဆိုပါ လေဘေးသင့်အိမ်ထောင်စုများထံသို့ ထောက်ပံ့ပစ္စည်းနှင့်ထောက်ပံ့ငွေများ ပေးအပ်ပွဲ အခမ်း အနားကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးက အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ ရပ်ကွက် ၃ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၉ အုပ်စု ကျေးရွာပေါင်း ၃ဝ ရွာမှ လေပြင်း တိုက်ခတ်မှုကြောင့် ပြိုကျအိမ် ၂ လုံး၊ အမိုးလန် ၇ဝ လုံးတို့ အတွက် အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ ၃၅ဝ၉၈ဝဝ ကျပ်၊ လူဦးရေ ၃၈ဝ အတွက် ဆန်ရိက္ခာ ဖိုးငွေ ၆၄၆၈ဝဝ ကျပ်၊ ပြိုကျအိမ် ၂ လုံးအတွက် ၁၃၁၇၉၆ ကျပ်တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးပါ ၂ အိမ်ထောင်စုစာ၊ ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေတန်ဖိုးကျပ် ၄၂၈၈ ၃၉၆ အား သက်ဆိုင်ရာအိမ်ထောင်စုများထံသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့်အဖွဲ့ဝင်များ၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးစိုးတို့က ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
ချမ်းသာ