လိပ်သိုမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၌ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသ

လိပ်သို မေ ၁၃

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ လူကုန်ကူးမှုသည် ထောင်ဒဏ်တစ်သက်ကျခံနိုင်သည့် ကြီးလေးသော ပြစ်မှုဖြစ်ကြောင်း ဒေသနေပြည်သူများ သိရှိစေရန်ရည်ရွယ်၍ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ကို မြို့ဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်၌  ယနေ့မွန်းလွဲပိုင်းက ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ နံရံကပ်စာစောင်တွင် လူကုန်ကူးမှု ပုံစံအမျိုးမျိုး၊ လူကုန်ကူးခံရသူများ ရရှိနိုင်သော ဆိုးကျိုးများ၊ မြန်မာနိုင်ငံတွင် တွေ့ရှိရသော လူကုန်ကူးမှုပုံစံများ၊ အသက်အရွယ်မရွေး၊ ကျား/မ မရွေး၊ လူမျိုးမရွေး လူကုန်ကူးနိုင်ကြောင်းစသည့် အသိပညာပေး အကြောင်းအရာများ ပါဝင်ပြီး ဒေသနေပြည်သူများက နံရံကပ်စာစောင် ပြသဆောင်ရွက်ထားရှိမှုကို ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြကြောင်း သိရသည်။

လိပ်သိုမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဒေသနေပြည်သူများ အသိပညာ ဗဟုသုတတိုးပွားရေး ပြပွဲ၊ ပြိုင်ပွဲများ၊ ဟောပြောပွဲများနှင့်  အသိပညာပေး Talk Show အစီအစဉ်များကို လစဉ်ပုံမှန် ဆောင်ရွက်ပေးလျက်ရှိသည်။

ခင်လေးနွယ် (လိပ်သို)