ကျောက်ပန်းတောင်း မေ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကြွယ်ဝတောင်တဲတိုက်တွင် ယနေ့နံနက် ၁၁နာရီ ၄၅မိနစ်အချိန်က ဘုရားမီးပူဇော်ထားသည့်မီးနေအိမ် ကူးစက်လောင်ကျွမ်းရာမှ အခြားတစ်အိမ်သို့ မီးကူးစက်လောင်ကျွမ်းပြီး လူနေအိမ်(၂)လုံး မီးလောင်ဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြာင်း သိရသည်။
ဖြစ်စဉ်မှာ ကြွယ်ဝတောင်ရပ်နေ ဈေးသည်တစ်ဦး၏ ပေ ၃၀ ပတ်လည်၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက် (၁)ထပ် လူနေအိမ်၌ ဘုရားမီးပူဇော်ရာမှ မီးစတင်လောင်ကျွမ်းခဲ့၍ ၎င်းမှအနီးရှိ ပေ ၃၀× ပေ ၂၀ ပတ်လည် သွပ်မိုး၊ ထရံကာ၊ မြေစိုက်(၁)ထပ်အိမ်သို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး၊ မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်စီမံမအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းလွင်၏ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးငြိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၂)စီးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ၊ နံနက်(၁၂)နာရီတွင် မီးငြှိမ်းသွားခဲ့ကြောင်း သိရသည်။ အဆိုပါမီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရသည်။
မီးလောင်မှုဖြစ်စဉ်ကြောင့် မီးပေါ့ဆစွာအသုံးပြုသူကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)