မုဒုံ မေ ၁၃
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို မေလ ၁၁ ရက်နေ့က တာပသွန်ကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးနေမှုများကို မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့်အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မုဒုံမြို့နယ်ဦးစီးမှူး ဦးဆန်းဦးနှင့် ဝန်ထမ်းများက ကျေးရွာနေပြည်သူများအား အသက်(၁၀)နှစ်ပြည့် နိုင်-၃(က)နှင့် အသက်(၁၈)နှစ်ပြည့် နိုင်-၆(က) ဖြင့် ကျား(၄)၊ မ(၇) စုစုပေါင်း (၁၁)ဦးကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)