ဇီးကုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့ငွေပေးအပ်

ဇီးကုန်း မေ ၁၃

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မေလ (၁၂) ရက်နေ့က  လေပြင်းတိုက်ခတ်မှုကြောင့် ဖြစ်ပွားခဲ့သော အမိုးလန်ပျက်ဆီးခဲ့သည့် လေဘေးသင့် အိမ်ထောင်စုများအား အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့နေ့လယ် (၁) နာရီခွဲက ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ လေဘေးသင့်အိမ်ထောင်စုများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

 ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်က အမှာစကားပြောကြားပြီး၊ ဇီးကုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ယမင်းသန့်က ထောက်ပံ့ပေးအပ်မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်  ဇီးကုန်းမြို့နယ်တွင် မေလ (၁၂) ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် ဖြစ်ပွားခဲ့သော အမိုးလန်ပျက်ဆီးခဲ့သည့် နေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၇၅၀၀၀/-)ကျပ်၊ လေဘေးသင့် အိမ်ထောင်စုများမှ လူဦးရေ(၁၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ(၂၇၃၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၂၃၀၀/-)ကျပ်ကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ယမင်းသန့်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နန်းခင်ကိုကိုသူတို့က  လေဘေးသင့်အိမ်ထောင်စုဝင်များထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

တင့်ဆွေ(ပြန်/ဆက်)