ငါန်းဇွန်မြို့၌ ဆန်ဈေးနှုန်း မြှင့်တင်ဖြန့်ဖြူးရောင်းချခြင်းနှင့် ဈေးကစားရန် သိုလှောင်ထားခြင်း မရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်

ငါန်းဇွန် မေ ၁၃

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၌ ဆန်ဈေးနှုန်း မြှင့်တင်ဖြန့်ဖြူးရောင်းချခြင်းနှင့် ဈေးကစားရန် သိုလှောင်ထားခြင်း မရှိစေရေးအတွက် မြို့မစည်ပင်သာယာဈေးအတွင်း/အပြင်နှင့် မြို့ပေါ်ရပ်ကွက်များအတွင်း ရောင်းချလျက်ရှိသော ဆန်ဆိုင်များအား ယနေ့နံနက် ၉နာရီခွဲအချိန်က မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ရေးအဖွဲ့တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့ (မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့) တာဝန်ရှိသူများက မြို့မစည်ပင်သာယာဈေး အတွင်း/အပြင်နှင့် မြို့ပေါ်ရပ်ကွက်များအတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော ဆန်ဆိုင်များအား ဆန်ဈေးနှုန်း မြှင့်တင်ဖြန့်ဖြူး ရောင်းချခြင်းနှင့် ဈေးကစားရန် ဆန်များ သိုလှောင်ထားခြင်း မရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးပြီး ဆန်ဆိုင်တာဝန်ရှိသူများအား အသိပညာပေး ဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။    

သက်နောင်ဦး(ငါန်းဇွန်)