ဆင်ပေါင်ဝဲမြို့နယ် ကျေးရွာ (၁) ရွာရှိ ပြည်သူများထံ သောက်သုံးရေဂါလန် (၁၆၀၀) လှူဒါန်း

ဆင်ပေါင်ဝဲ မေ ၁၄

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ကျေးရွာ (၁) ရွာရှိ ပြည်သူများထံ ယမန်နေ့ ညနေပိုင်းအချိန်က သောက်သုံးရေဂါလန် (၁၆၀၀) အား ကျေးရွာအရောက် သွားရောက်ပြီး ဖြန့်ဝေလှူဒါန်းသည်။

ထိုသို့ လှူဒါန်းရာတွင် ရန်ကုန်မြို့ ဦးထင်လင်း+ဒေါ်သူဇာဝင်း သား မောင်ကောင်းထွဋ် (၁၃) နှစ်ပြည့်မွေးနေ့အကြို အလှူအတွက် ရွာသစ်ကျေးရွာရှိ ပြည်သူများထံ သောက်သုံးရေဂါလန် (၁၆၀၀) အား လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)