နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်း ကျေးရွာစာကြည့်တိုက် ဆောက်လုပ်မည့်မြေနေရာအား ကြည့်ရှုစစ်ဆေး

လယ်ဝေး မေ ၁၄

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် လယ်ဝေးခရိုင် အုပ်ချုပ်ရေးမှူး ဦးဇင်မင်းကို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့် သက်ဆိုင်ရာမြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက လယ်ဝေးမြို့နယ်၊ ပြောင်ခေါင်းကြီးကျေးရွာအုပ်စု၊ ပန်းတင်ကျေးရွာတွင် အလှူရှင်များ၏ လှူဒါန်းငွေဖြင့် ဆောက်လုပ်မည့် ကျေးရွာစာကြည့်တိုက်မြေနေရာအား လာရောက်ကြည့်ရှုစစ်ဆေးသည်။

နေပြည်တော်ကောင်စီဝင်က စာကြည့်တိုက်ဆောက်လုပ်မည့်မြေနေရာ၏ မြေရာဇဝင်အခြေအနေ၊ ဆောက်လုပ်သင့်သည့်ပုံစံ၊ အကျယ်အဝန်း၊  မြေနေရာအကျယ်အဝန်း၊ စသည့်အချက်အလက်များကို  ကျေးရွာမှ ရပ်မိရပ်ဖများ၊ သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ပြီး စာကြည့်တိုက်မြေနေရာ သန့်ရှင်းသာယာစေရေး မှာကြားခဲ့ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)