တိုက်ကြီး မေ ၁၄
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် ၂၀၂၄ -၂၀၂၅ ပညာသင်နှစ် "ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ကျောင်းအပ်နှံရေး ဆိုင်ရာသီတင်းပတ် မြေစိုက်ပိုစတာ ဆိုင်းဘုတ်စိုက်ထူခြင်းကို မေ ၁၂ ရက်နေ့ နံနက် ၁၀ နာရီက အ.ထ.က(မြို့မ)ကျောင်းရှေ့တွင်ပြုလုပ်ကြောင်း သိရသည်။
ထိုသို့ မြေစိုက်ပိုစတာစိုက်ထူခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဒေါ်စန္ဒာဦးနှင့် ဆရာ ဆရာမများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကျောင်းနေအရွယ်ကလေးများ အခြေခံပညာသင်ယူနိုင်ရေးအတွက် အသိပညာပေး ကျောင်းအပ်နှံရေးမြေစိုက်ပိုစတာဆိုင်းဘုတ်အား စိုက်ထူကြသည်။
အလားတူ တိုက်ကြီးမြို့နယ် အဖျောက်မြို့ အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် အဖျောက်မြို့ အုပ်ချုပ်ရေးမှူး ဦးဇော်မင်းထွေးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ ဆရာမများက ကျောင်းအပ်နှံရေးဆိုင်ရာ သီတင်းပတ်မြေစိုက်ပိုစတာအား စိုက်ထူကြကြောင်း သိရသည်။
စန်းကလျာခိုင် (ပြန်/ဆက်)