ရန်ကုန် မေ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိုသစ်(ဆိပ်ကမ်း)မြိုနယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှုး ဦးအေးကျော်ဦးဆောင်၍ ဝန်ထမ်းများက ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး ယမန်နေ့က မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများက အမှတ်(၉၂) ရပ်ကွက်၊ အပိုင်း(၂) ဓမ္ဓာရုံတွင် Biometric ကောက်ယူခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ Biometric ကောက်ယူခြင်းကို မေ ၁၃ ရက်မှ ၁၅ ရက်အထိ (၃) ရက်ကြာဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ရပ်ကွက်/ ကျေးရွာများအလိုက် နေ့စဉ်ကွင်းဆင်း ကောက်ယူပေးလျက်ရှိကာ ပန်းခင်းစီးမံချက် အဆင့် (၃) ဖြင့် ရွှေ့ပြောင်းနေထိုင်သူများကိုလည်း ငါးဦးကော်မတီဖြင့် စိစစ်၍ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ဖြိုးစန္ဒာ (ပြန်/ဆက်)