ရွှေကျင် ဧပြီ ၂၇
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် လေးထပ်ဘုန်းတော်ကြီးကျောင်း ဆရာတော်၏ သက်တော် (၈၀) ပြည့် ပတ္တမြားရတု ဝိဇာတာမွေးနေ့မင်္ဂလာနှင့် သာသနဓဇဓမ္မစရိယဘွဲ့တံဆိပ်တော်ရ အရှင်မြတ် (၂) ပါးတို့အား ဂုဏ်ပြုပွဲကို ယနေ့နံနက် (၇) နာရီအချိန်က ကျင်းပခဲ့သည်။
လေးထပ်ဘုန်းတော်ကြီးကျောင်း ဆရာတော် ဘဒ္ဒန္တတိက္ခာစာရ (ဂန္ထဝါစကပဏ္ဍိတ) အား စစ်ဗျူဟာအဖွဲ့ (အခြေချ) (ရွှေကျင်) စစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး မင်းထင်အောင်+ ဒေါ်တင်နီလာလင်း၊ သမီးမေပန်းချီ (မိသားစု) တို့က ကံဆင့်မင်္ဂလာကျင်းပပြီး ဧည့်ပရိတ်သတ်များက ဆရာတော်၊ သံဃာတော်အရှင်သူမြတ် အပါး (၈၀) တို့အား ဆွမ်းဆန်စိန်းလောင်းလှူကြသည်။ ထို့နောက် လေးထပ်ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ဧည့်ပရိတ်သတ်များက နမောတဿ (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ဆရာတော်ကြီးများထံမှ ငါးပါးသီလခံယူကြသည်။ ထို့နောက် ဆရာတော်၏ ထေရုပတ္တိကိုဖတ်ကြာကာ လေးထပ်ဘုန်းတော်ကြီးကျောင်းမှ သာသနဓဇဓမ္မာစရိယဘွဲ့ရရှိကြသော အရှင်ပညာသိရီနှင့်အရှင်သာဂရတို့အား စစ်ဗျူဟာအဖွဲ့ (အခြေချ) (ရွှေကျင်) စစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး မင်းထင်အောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျာဟိန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာမျာ၊ မြို့နယ်အတွင်းရှိအလှူရှင်တို့က အလှူငွေနှင့် လှူဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဇော် (ပြန်/ဆက်)