ဟဲဟိုးမြို့၌ သွားကျန်းမာရေးကွင်းဆင်း ကုသပေး

ကလော ဧပြီ ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့တိုက်နယ်ခန်းမ၌ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(မန္တလေး)မှ သွားဘက်ဆိုင်ရာ ပါမောက္ခများ ဦးဆောင်သော ဘွဲ့လွန်သင်တန်းသား ဆရာဝန်များအဖွဲ့သည် ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်မှစ၍ သွားကျန်းမာ‌ရေးဆိုင်ရာ အခမဲ့ကုသပေးခြင်း‌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(မန္တလေး)မှ ပါမောက္ခများနှင့် ဟဲဟိုးတိုက်တာဝန်ခံ ဆရာဝန်ဒေါက်တာ အာကာမြင့်၊ မြို့အုပ်ချုပ်‌ရေးမှူး ဦးဇော်မိုးနှင့် လူမှု‌ရေးအသင်းအဖွဲ့တို့ပူး‌ပေါင်း၍ ဟဲဟိုးမြို့ပြည်သူများအား သွားကျန်းမာရေးဆိုင်ရာကုသ စမ်းသပ်ပေးခြင်း၊ သွားကျန်းမာရေးအကြောင်းအသိပညာပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)