မင်းလှမြို့၌ ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးရာသီအတွက် (ပထမအကြိမ်) ဂရန်အင်းနှင့် အိတ်ဖွင့်တင်ဒါချက်များ လေလံရောင်းချ

မင်းလှ ဧပြီ ၂၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခ ရိုင်၊ မင်းလှမြို့နယ်ငါးလုပ်းငန်းဦးစီး ဌာနက ၂၀၂၆ -၂၀၂၇ ခုနှစ် ငါးလုပ်ငန်းရာသီအတွက် (ပထမအကြိမ်) ဂရန်အင်းနှင့် အိတ်ဖွင့်တင်ဒါချက်များ လေလံတင်ရောင်းချခြင်းအခမ်းအနားကို မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်။

အခမ်းအနားတွင် ခရိုင်ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးတင်ထွန်းက အမှာစကားများပြောကြားပြီး မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနဦးစီးမှူး ဦးဖြိုးဝေလင်းက ဂရန်အင်းနှင့် အိတ်ဖွင့်တင်ဒါချက်များ လေလံတင်ရောင်းချမှုနှင့် ပတ်သက်၍ စည်းကမ်းချက်များအား ရှင်းလင်းပြောကြားသည်။

အင်းလေလံပွဲကို ခရိုင်ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးတင်ထွန်းက ကြီးကြပ်သူအဖြစ် ဆောက်ရွက်၍ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူးဦးဖြိုးဝေလင်းနှင့် အင်းလေလံရောင်းချရေးကော်မတီဝင်တို့က မင်းလှ၊ အုတ်ဖို၊ ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ ဂရန်အင်း (၈) အင်းနှင့် မင်းလှ၊ အုတ်ဖိုမြို့ နယ်အတွင်းရှိ တင်ဒါချက် (၈) ချက်တို့ကို (ပထမ) အကြိမ် လေလံတင်ရောင်းချရာဂရန်အင်း (၈) အင်းနှင့် တင်ဒါချက် (၆) ချက်အား ဈေးပြိုင်စနစ်ဖြင့် အင်းသားကြီးများထံ ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

ပေါက်စ