စလင်း ဧပြီ ၂၇
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှကြီးမှူး၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှဖွင့်လှစ်သည့် နွေရာသီအားကစားသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ မိုးလုံလေလုံအားကစားခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နွေရာသီအားကစားသင်တန်းဆင်းပွဲအခမ်းအနားဖွင့်လှစ်ကြောင်းကို အခမ်းအနားမှူးမှကြေငြာ၍ဖွင့်လှစ်ခဲ့ပြီး နွေရာသီအားကစားသင်တန်းဆင်း ကျောင်းသား/ကျောင်းသူများမှ Fitness Dance အကဖြင့် ဖျော်ဖြေကပြခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းသီဟဇော်က သင်တန်းဆင်းအမှာစကားများပြောကြားခဲ့ပြီး၊ မကွေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထိုက်ဦးမှ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းသီဟဇော်ထံသို့ အားကစားပစ္စည်းများကို ပေးအပ်ခဲ့သည်။
ထို့နောက် နွေရာသီအားကစားသင်တန်းဆင်းအထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဘတ်စဿ်ဘောပြိုင်ပွဲ၊ ဘောလုံးအငယ်တန်းနှင့် ဘောလုံးအကြီးတန်းပြိုင်ပွဲများတွင် ဆုရရှိကြသူများအား မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြိုင်၊ မကွေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထိုက်ဦးနှင့် စလင်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းသီဟဇော်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက အသီးသီးဆုများပေးအပ်ခဲ့ပြီး ၊ အားကစားနည်းအလိုက်သင်တန်းနည်းပြဆရာများအား ဂုဏ်ပြုဆုငွေများကို တစ်ဦးခြင်း ပေးအပ်ခဲ့သည်။
အဆိုပါ အားကစားသင်တန်းဆင်းပွဲသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက အားကစားဆုရရှိသူများ သင်တန်းနည်းပြများနှင့် အမှတ်တရ ဓာတ်ပုံများရိုက်ကူးကြကြောင်း သိရသည်။
မောင်လွင်(စလင်း)