လဲချား ဇွန် ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ၂၀၂၆ ခုနှစ် (TSDP) အစီအစဉ်အရ မြို့နယ်အားကစားဖွံဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌဖလား အားကစားပြိုင်ပွဲများ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအားကစားပြိုင်ပွဲအား ၂၀၂၆ ခုနှစ် ဇူလိုင်လ ၇ရက်နေ့တွင် လျာထားပြီး ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ဘိလိယက်/ စနူကာ၊ မီနီမာရသွန်စသည့် ပြိုင်ပွဲများအား သတ်မှတ်နေရာများ၌ ကျင်းပသွားမည်ဖြစ်ကြောင်း အား/ကာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံက သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)