နတ်မောက် ဇွန် ၁၆
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ မြန်မာအမျိုးသမီးများနေ့ ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောပွဲကိုယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်အမျိုသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးအေးစိုးက ကမ္ဘာပေါ်မှာရှိသော ဘယ်နိုင်ငံဘယ်လူမျိုးဘဲဖြစ်ဖြစ် စာတတ်သည်ဖြစ်စေ၊ မတတ်သည်ဖြစ်စေ မိမိဘိုးဘွားလက်ထက်ကစပြီး လိုက်နာကျင့်သုံးခဲ့တဲ့ ယုံကြည်ချက်အပေါ်မှီတည်သော လုပ်ဆောက်ချက်တွေရှိကြကြောင်း၊အဲဒီလုပ်ဆောင်ချက်ကို ယဉ်ကျေးမှုလို့ခေါ်ဝေါ်ကြပြီး လူမျိုးတိုင်း ကိုယ်ပိုင်ယဉ်ကျေးမှုရှိကြစမြဲဖြစ်ပါကြောင်း၊ ယဉ်ကျေးမှုတွေ ကိုယ်ပိုင်စာပေတွေရှိခဲ့ ကြရာမှ ယဉ်ကျေးမှုပပျောက်ရင် လူမျိုးပါပပျောက်နိုင်တာကြောင့် မိမိတို့ရဲ့ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ဖို့လိုလပ်ပါကြောင်း ဟောပြောခဲ့သည်။
မြန်မာအမျိုးများနေ့ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောပွဲသို့ မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ အမှတ် (၁) အခြေခံပညာအထန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၉၇) ဦး တက်ရောက်ခဲ့ကြပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့က တက်ရောက်လာသူများအား အာဟာရ ဒါနအဖြစ် သာကူချိုများ တိုက်ကျွေးခဲ့သည်။
လှဝင်း