ပျော်ဘွယ်မြို့ မှန်နန်းဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ အသိပညာပေးဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ခြင်း၏ အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီ ၁၉ ရက် နံနက် ၉ နာရီက မှန်နန်းဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ကျင်းပသည်။

ကရသူရိမြို့၌ (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ် အသိပညာပေးဟောပြော  

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ကရသူရိမြို့၌ ကျောင်းသား၊ ကျောင်းသူများအား (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ် အသိပညာပေးဟောပြောခြင်းနှင့်စာအုပ်/စာစောင်များ ခင်းကျင်းပြသခြင်းကို ဇန်နဝါရီ ၁၉ရက် နံနက် ၁၀နာရီက   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်သည်။

မြဝတီမြို့တွင် ပေါက်ကွဲမှုဖြစ်စဥ်ကြောင့် ထိခိုက်ခဲ့သည့်ပြည်သူများအား ထောက်ပံ့

ကရင်ပြည်နယ်၊မြဝတီခရိုင်၊မြဝတီမြို့ အမှတ်(၄)ရပ်ကွက် အာရှလမ်းမကြီးရှိ ဒေါ်ညွန့်ရီ စတိုးဆိုင်ရှေ့နှင့် ရတနာထွန်းရွှေဆိုင်ရှေ့တို့  တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်က   ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ထိခိုက်ခဲ့သည့် ပြည်သူငါးဦးအား  ထောက်ပံ့ငွေပေးအပ်ပွဲကို ဇန်နဝါရီ ၁၈ ရက်က အမှတ် (၄)ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံး၌ ဆောင်ရွက်သည်။

ပုသိမ်ကြီးမြို့နယ်အတွင်း ပန်းခင်း(၃) ထပ်တိုးစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီ အောင်မြေသာစံခရိုင်၊ပုသိမ်ကြီးမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)တွင်ပါဝင်သည့် ပြည်သူများဆန္ဒမဲပေးခွင့်မဆုံးရှုံးစေရေးအတွက် ပန်းခင်း(၃)ထပ်တိုးစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဇန်နဝါရီ ၁၇ ရက်က ကွင်းဆင်းဆောင်ရွက်သည်။

ရွှေကူမြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) အောင်မြင်စွာကျင်းပ ပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက   ရွှေကူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ကျောက်ဆည်မြို့နယ်၌ ကျန်မာရေးဝန်ထမ်းများအား ပြည်သူ့သက်သာဈေးဖွင့်လှစ်ပြီးရောင်းချ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံ ကြီးတွင် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား  ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းက ကျောက်ဆည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ  ပြည်သူ့သက်သာဈေးဖွင့်လှစ်၌ အခြေခံစားသောက်ကုန်များဖြစ်သည့် အသား၊ငါးနှင့်စားအုန်းဆီများအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ရွေးကောက်ပွဲ အပိုင်း(၃)ကျင်းပနိုင်ရေး မဲရုံများပြင်ဆင်ဆောင်ရွက်မှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်တွင်းရှိ မဲရုံဖွင့်လှစ်မည့်နေရာများအား တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးနှင့်အဖွဲ့ဝင်များ ဇန်နဝါရီ ၁၈ နံနက် ၉ နာရီက  ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၀န်ကြီးချုပ်နှင့် တိုင်းဒေသကြီး၀န်ကြီးများက ခရိုင်/မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်  ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများအားတွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ကျောက်ဆည်မြို့နယ်၌ ထင်းအစား အခြားလောင်စာသုံးမီးဖိုများသုံးစွဲရေး ရွေ့လျားတိုးချဲ့ အသိပညာပေးဟောပြောပွဲနှင့် စွမ်းအားမြှင့်အေဝမ်းမီးဖိုများ အခမဲ့ဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ငှက္ကတောင်ကျေးရွာဓမ္မာရုံတွင် ယမန်နေ့နံနက်(၁၀)နာရီက သစ်တောပြုန်တီးမှုလျော့နည်းစေရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး ထင်းအစားအခြားလောင်စာသုံးမီးဖိုးများသုံးစွဲရေး ရွေ့လျားတိုးချဲ့ အသိပညာပေးဟောပြောပွဲနှင့် စွမ်းအားမြှင့် အေဝမ်းမီးဖိုများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သဲကုန်းမြို့နယ်တွင် တိုင်းရင်းသားဘာသာ ၅ မျိုးဖြင့် ပြန်ဆိုထားသည့် ရွေးကောက်ပွဲအောင်မြင်ရေး လှုံ့ဆော်မှုလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် အသိပညာပေးနံရံကပ်စာစောင်ပြသခြင်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ(၂၅) ရက်နေ့တွင် လွတ်လပ်၍ တရားမျှတသောပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ (အပိုင်း-၃) ကို ကျင်းပမည်ဖြစ်ရာ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင် ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် တိုင်းရင်းသားဘာသာ ၅ မျိုးဖြင့်ပြန်ဆိုထားသည့် “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲအောင်မြင်ရေးလှုံ့ဆော်မှု လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြသ ဆောင်ရွက်ခြင်းက်ို ယနေ့နံနက်(၁၀) နာရီအချိန်က တလိုင်းကုန်ကျေးရွာနှင့် သ​န္ဓေကုန်းကျေးရွာတို့တွင် ဆောင်ရွက်ခဲ့သည်။
Subscribe to