အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်တွင် ရက် (၁ဝဝ) စီမံချက်ဖြင့် နိုင်ငံသားစိစစ်​ရေးကတ်များ ကွင်းဆင်းဆောင်ရွက်

အင်းစိန် မေ ၃

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ အရှေ့ကြို့ကုန်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် အင်းစိန်မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်​ရေးကတ်များကို ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေး​ခဲ့ကြောင်း သိရသည်။

အဆိုပါရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်​ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေးနေမှု များကို မြို့နယ်ဦးစီးမှူး ဦးဆောင်၍ ဝန်ထမ်းများက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီစိစစ်၍ နိုင်ငံသား စိစစ်ရေးကတ်ပြုလုပ်ပေးခြင်း၊ အိမ်ထောင်စုစာရင်းနှင့် e-ID စနစ်ဖြင့် Biographic/Biometric ကောက်ယူ၍ Unique ID နံပါတ် တစ်ပါတည်းဆောင်ရွက်ခြင်း၊ မှတ်ပုံတင်နှင့် UID CARD မပြုလုပ်ရသေးသည့် ပြည်သူများအား အသက် (၁၀) နှစ်နှင့်အထက် မှတ်ပုံတင်အသစ် ပြုလုပ်ပေးခြင်း၊ အသက် (၁၈) နှစ်ပြည့် မှတ်ပုံတင်လဲလှယ်ခြင်း၊ ဟောင်းနွမ်းပျက်စီး မှတ်ပုံတင်များအား အသစ်လဲလှယ်ပြုလုပ်ပေးခြင်းများကို အင်းစိန်မြို့နယ်ဦးစီးမှူးရုံးမှ အကြီးတန်းစာရေး ဦးမိုးကျော်သူ ဦးဆောင်သောအဖွဲ့မှ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ ၃(က) ကျား (၂၇) ဦး၊ မ ( ၁၇ )ဦး ၆(က)မ ၁ ဦး ပေါင်း (၄၄) ဦး ဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သည်များအား ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအဖွဲ့တို့နှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါကြောင်း သိရှိကြောင်း သိရသည်။

ထွန်းလင်းကျော်(ပြန်/ဆက်)