ပြည် မေ ၃
နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့နံနက်ပိုင်းက ပြည်ခရိုင်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနဌာနမှ တာဝန်ရှိသူများနှင့် တပ်ဖွဲ့ဝင်မိသားစုများက ပြည်မြို့ ခုတင်(၅၀၀) အထွေထွေရောဂါကုဆေးရုံကြီး၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းနှင့် သွေးလှူဒါန်းခြင်း အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ကြသည်။
ဦးစွာ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် (၃၈)ဦးက ဆေးရုံကြီးသွေးလှူဘဏ်၌ သွေးလှူဒါန်းကြပြီး တပ်ဖွဲ့ဝင် (၁၈၅)ဦးက ဆေးရုံကြီးပရဝုဏ်အတွင်း ပေါင်းမြက်များနှင့် ရေဆိုးထုတ်မြောင်းများအား စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြရာ ပြည်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ကျော်ဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦး၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်တင်တင်ခိုင်နှင့် အဖွဲ့ဝင်များ လာရောက်ကြည့်ရှုအားပေးပြီး သွေးလှူရှင်တပ်ဖွဲ့ဝင်များအတွက် အာဟာရဖြည့်အစားအစာများနှင့် ဂုဏ်ပြုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)