ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ချင်းပြည်နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ အထူးကုဆရာဝန်ကြီးများက နိုင်ငံ့ဝန်ထမ်းများ အခမဲ့ကွင်းဆင်းဆေးကုသပေးနေမှုကို ကြည့်ရှုအားပေး၊ အာဟာရဖြည့်အစားအစာများထောက်ပံ့

ဟားခါး မေ ၃

ချင်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ချင်းပြည်နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ဟားခါး ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးနှင့် အထူးကုဆရာဝန်ကြီးများက မေလ ၂ ရက်နေ့ နံနက် ၉ နာရီတွင် ဟားခါးခရိုင်စုပေါင်းရုံး၌ နိုင်ငံ့ဝန်ထမ်းများ အခမဲ့ကွင်းဆင်းဆေးကုသပေး ဆောင်ရွက်လျက်ရှိရာ ဌာနဆိုင်ရာအသီးသီးမှ နိုင်ငံ့ဝန်ထမ်း (၂၂၂) ဦးကို အခမဲ့ကျန်းမာရေးစစ်ဆေးပေး၍ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

ချင်းပြည်နယ် ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ဟားခါးပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးနှင့် အထူးကုဆရာဝန်ကြီးများက နိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကွင်းဆင်းဆေးကုသပေးမှုများကို ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ပြည်နယ် ဝန်ကြီးချုပ်၏ဇနီး ဒေါ်ဒိမ်ခန့်လွင်၊ ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးကောလ်လျန်ထန်း၊ ချင်းပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးမြတ်စံ၊ ချင်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးသန့်စင်ဦး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာလျန်ဇခုပ်၊ လူမှုရေးရာဝန်ကြီး ဦးစိန်ထွန်းလှ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးပေါင်ဇလန်း၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဝင်းဇော်ဦး၊ စည်ပင်သာယာရေးဝန်ကြီး ဦးအောင်ကျော်ဌေးနှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးဇော်ဝင်းဌေး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များဖြစ်ကြသော ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့၏ ဇနီးများက ကြည့်ရှုအားပေးပြီး လူနာများအား အာဟာရ ဖြည့်အစားအစာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)