သထုံ မေ ၃
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦစီးဌာန၏ ရက် (၁၀၀) စီမံချက်ဖြင့် ကျန်းမာရေးအသိပညာပေးခြင်း စစ်ဆေးကုသပေးခြင်းစသည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက သထုံမြို့နယ်၊ ထိန်ပင်ကျေးရွာ၌ ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသန်းဦး၏ ဦးဆောင်မှုဖြင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများကထိ န်ပင်ကျေးရွာအတွင်း အသက် (၅) နှစ်အောက် ကလေးအာဟာရစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အသက်(၄)နှစ် အထက်တို့အား သွေးတိုးဆီးချိုစစ်ဆေးခြင်း၊ ငှက်ဖျားသွေးဖောက်စစ်ဆေးခြင်း၊ ကိုယ်ဝန်ဆောင် မိခင်များကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ နာမကျန်းသူများနှင့် သက်ကြီးသူတို့အား ကျန်းမာရေးစောင့်ရှောက်ခြင်း၊ ကလေးများပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း၊ ကျေးရွာအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အဘိတ်ဆေးခပ်ပေးခြင်းစသည့် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)