အမရပူရ မေ ၃
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒေါက်တာ သူဇာမြင့် ဦးဆောင်သောအဖွဲ့သည် ယမန်နေ့နံနက် (၉)နာရီအချိန်က ရက်(၁၀၀)စီမံချက် ဆောင်ရွက်မှုအနေဖြင့် တိရစ္ဆာန်ကာကွယ်ဆေးများကို ကွင်းဆင်းကုသပေးလျက်ရှိသည်။
အဆိုပါ တိရစ္ဆာန်ကာကွယ်ဆေးများကို ဆေးကုသိပ္ပံသင်တန်းသား/သူ(VA) (၁၄)ဦးနှင့် ကြီးကြပ်ဆရာ/ဆရာမ (၂)ဦးတို့နှင့်အတူ အမရပူရမြို့နယ် ကင်းဘက်ကျေးရွာရှိ နွား(၃၃၀)ကောင်အား ပေါင်ပုတ်လက်ပုတ် ရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံခြင်းနှင့် တိုင်းရင်းကြက်များအား အိုင်တူးမျက်စဉ်းခပ်ပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ပြီးတိရစ္ဆာန်မွေးမြူသူ တောင်သူများအား အသိပညာပေးဟောပြောပွဲ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)