သန်လျင်မြို့ ပြည်သူ့ဆေးရုံကြီး၌ ဆေးဝါးကုသမှု ခံယူနေသူများအား အာဟာရဒါနလှူဒါန်း

သန်လျင် မေ ၅

သန်လျင်ခရိုင် သန်လျင်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူနေရသော လူနာများ၊ လူနာစောင့်များနှင့် ဆေးရုံဝန်ထမ်းများအား ယမန်နေ့ နံနက်ပိုင်းက အာဟာရဒါန ကျွေးမွေးလှူဒါန်းခဲ့ကြသည်။

ထိုသို့ ကျွေးမွေးလှူဒါန်းရာတွင် အလှူရှင် ဒေါ်အိအိခိုင်မိသားစုမှ သန်လျင်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်၍ ဆေးဝါးကုသမှုခံယူနေသူများ၊ လူနာစောင့်များ၊ ဆေးရုံဝန်ထမ်းများအား တစ်နေ့တာအာဟာရဒါနများကို ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

သန်လျင်ပြည်သူ့ဆေးရုံကြီးသို့ အာဟာရ၊ ဆေးဝါး၊ အထောက်အကူပြုပစ္စည်းများ လှူဒါန်းလိုကြသည့် အလှူရှင်များအနေဖြင့် ရုံးအဖွဲ့ ဖုန်း ၀၉၂၅၄၀၃၂၉၆၈ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

ဖြိုးသီဟ (သန်လျင်)