စဉ့်ကူးမြို့နယ်တွင် ရက် (၁ဝဝ) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်

စဉ့်ကူး    မေ   

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် နိုင်ငံတစ်ဝန်းတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားကို ထုတ်ပေးလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များကို မေ ၂ ရက်က ကွင်းဆင်းဆောင်ရွက်သည်။

အဆိုပါရက်(၁၀၀)စီမံချက်ဖြင့် အသက်(၁၀)နှစ်နှင့်(၁၈)နှစ်ကြား  နိုင်ငံသားစိစစ်ရေးကတ်မရှိသူများ၊ အသက်(၁၈)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်မရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်ကွင်းဆင်းဆောင်ရွက်ပေးနေခြင်းလုပ်ငန်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ စဉ့်ကူးမြို့နယ်ဦးစီးမှူး ဦးလှထွေး ဦးဆောင်သော ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ပေးခြင်း၊ UID CARD ပြုလုပ်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ထိုသို့ဆောင်ရွက်ပေးလျက်ရှိသို့ စဉ့်ကူးမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးသန့်ဇင်ထွန်း၊ အတွင်းရေးမှူးမြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီ ရဲမှူး ထွန်းထွန်းနိုင်တို့က လာရောက်ကြည့်ရှု၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တင်ဇာလွင် (ပြန်/ ဆက်)