ရမည်းသင်း မေ ၄
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ရမည်းသင်းမြို့နယ်၌နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မေ ၃ ရက် နံနက် ၇ နာရီက ရမည်းသင်းမြို့နယ် အောင်မင်္ဂလာရပ်ကွက်ရှိ အောင်မင်္ဂလာအနောက် ဘုန်ကြီးကျောင်းဝန်း အတွင်း စုပေါင်းသန်ရှင်းရေးဆောင်ရွက်ခြင်းနှင့် ရမည်းသင်းခရိုင်ပြည်သူဆေးရုံတွင် မီးသတ်တပ်ဖွဲ့ဝင်များနှင့်မိသာစုဝင်များစုပေါင်သွေးလှူဒါန်းခဲ့ကြသည်၊၊
ရမည်းသင်းခရိုင်မီးသတ်သတ်ဦးစီးမှူးဦးအောင်ခင်ဆင့်၊ မြို့နယ်မီသတ်ဦးစီးမှူး ဦးသူရလင်းနှင့်တပ်ဖွဲ့ဝင်များက စုပေါင်းသွေးလှူဒါန်းခဲ့ကြသည့် တပ်ဖွဲဝင် ၇ ဦးနှင့်မိသားစုဝင် ၁ ဦးတို့အား အားဆေး၊ ကြက်ဥနှင်အချိူရည်များ ပြန်လည်ပေးအပ်ခဲ့ကြကြောင်းသတင်းရရှိသည်။
ခရိုင် (ပြန်/ဆက်)