မြစ်သား မေ ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာနိုင်ငံဆီကုန်သည်ဆီလုပ်ငန်းရှင်များအသင်းနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ဒေသခံပြည်သူများအား စားအုန်းဆီတစ်ပိဿာလျှင် ကျပ် ၈၅၇၀ နှုန်းဖြင့် ဈေးနှုန်းချိုသာစွာရောင်းချပေးခြင်းကို ရှမ်းပွဲရပ်ကွက်အတွင်းရှိ ဒေါ်ဇာဇာကုန်စုံဆိုင်ရှေ့၌ မေ ၄ ရက် နံနက် ၈ နာရီက ရောင်းချပေးကြောင်းသိရသည်။
ထိုသို့ရောင်းချပေးရာတွင် ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ မြစ်သားမြို့ ရှမ်းပွဲ ရပ်ကွက်ရှိ ဒေါ်ဇာဇာကုန်စုံဆိုင်ရှေ့တွင် ဒေသခံပြည်သူများအားတစ်ဦးလျှင် ဆီတစ်ပိဿာ ကျပ် ၈၅၇၀ နှုန်းဖြင့်တစ်ရက် ဆီပိဿာပေါင်း ၂၈၈ ပိဿာအား စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးနေကြောင်း စားသုံးသူရေးရာဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဝင်းမင်းထွန်း(ပြန်/ဆက်)