ရေဖြူ မေ ၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးဆရာမ များက ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ(၁)နှစ်ခွဲအောက် ကလေးငယ်များ လစဉ်ပုံမှန် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးပေးခြင်းကို မေ ၂ ရက်နှင့် ၃ ရက်က ဆောင်ရွက်ကြောင်း သိရသည်။
မွေးကင်းစမှအသက်(၁)နှစ်ခွဲအောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးများဖြစ်သည့် ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ(ဘီ)ပိုး၊ ဦးနှောက်အမြှေးရောင်ငါးမျိုးစပ် ကာကွယ်ဆေးနှင့် ပိုလီယိုအကြောသေ၊ ဝက်သက်၊ ဂျိုက်သိုး၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျော(ရိုတာ)၊ ပြင်းထန်အဆုတ်ရောင်(ပီစီဂျီ)နှင့် ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးများကို အသက်အရွယ်အပိုင်းအခြားအလိုက် ထိုးနှံတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်၊ ဆုံဆို့ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ထမ်းများက စနစ်တကျထိုးနှံတိုက်ကျွေး ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးပေးခြင်းကို မြို့နယ်ကျန်းမာရေးဌာနမှ ကျန်းမာရေး ဆရာမများနှင့် သားဖွားဆရာမတို့က လစဉ်သတ်မှတ်ရက်များတွင် ဆက်လက်ထိုးနှံပေးသွား မည်ဖြစ်ကြောင်း မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)