တိုက်ပွဲဝင်စည်းရုံးရေး(ဆင့်ပွား) သင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မုံရွာ မေ ၅

တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့၏ အဆင့်နှင့် လျော်ညီတဲတပ်တွင်း/တပ်ပြင် စည်းရုံးရေးလုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး၊ စည်းကမ်းနှင့်ကိုယ့်ကျင့်သိက္ခာကို စောင့်ထိန်းတတ်စေရန်နှင့် ပြည်သူလူထုကိုဥပဒေနဲ့အညီအလုပ်အကျွေးပြုကာကွယ်စောင့်ရှောက်တတ်သော တပ်ဖွဲ့ဝင်စည်းရုံးရေးမှူးကောင်းများဖြစ်လာစေရေးတို့အတွက် ရည်ရွယ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်ရဲတပ်ဖွဲ့၊ တိုက်ပွဲဝင်စည်းရုံးရေး(ဆင့်ပွား) သင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၈)နာရီက အဆိုပါရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နိုင်လင်း၊ ခရိုင်/မြို့နယ် ရဲတပ်ဖွဲမှူးများနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြ များနှင့် သင်တန်းသားများတက်ရောက်ကြသည်။

ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နိုင်လင်းက ရဲဘော်တို့အနဖြင့် ဒီသင်တန်းမှာသင်ကြားပို့ချလိုက်တဲ့ သင်ခန်းစာတွေကို သေချလေ့လာမှတ်သား မှသာလုပ်ငန်းစွမ်းရည်၊ စစ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်ဆိုတဲ့ စွမ်းရည်(၄)ရပ်နဲ့ အညီအကောင်အထည်ဖော်ဆောင်ရွက်တဲ့ နေရာမှာနယ်မြေဒေသ အလိုက်အောင်မြင် မှုများရရှိအောင် ဆောင်ရွက်နိုင်ကြမှာဖြစ်ကြောင်း။ သင်တန်းကာလ အတွင်းမှာ သင်တန်းသားဘဝကို အပြည့်အဝခံယူပြီး နည်းပြဆရာများရဲ့ သင်ကြားပို့ချချက် တွေကို လိုလိုလားလားနဲ့အလေးထား သင်ယူဆည်းပူးသွားကြစေကြောင်း၊ ရဲတပ်ဖွဲ့ဆိုင်ရာ လုပ်ငန်းတွေနဲ့ လုံခြုံရေးဆိုင်ရာလုပ်ငန်းတွေကိုဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက် တတ်ပြီး အရည်အချင်းပြည့်ဝတဲ့ တပ်ဖွဲ့ဝင်ကောင်းများဖြစ်အောင် လေ့ကျင့် သွားကြရန် နှင့် သင်တန်းသားတစ်ဦးချင်းစီရဲ့ စိတ်ဓာတ်ကောင်းမွန်ခြင်း၊ စည်းကမ်းလိုက်နာခြင်း၊ သစ္စာစောင့်သိခြင်း၊ စွမ်းရည်ပြည့်ဝ ထက်မြက်ခြင်းစတာတွေနဲ့ ပြည့်စုံအောင် လေ့ကျင့်သင်ယူ သွားကြစေကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ရည်မှန်းချက်တာဝန်တွေကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ စွမ်းရည်ပြည့်ဝထက်မြက်နေအောင် စဉ်ဆက်မပြတ် လေ့လာသင်ယူ ကြိုးစားကာ စိတ်ဓာတ်စည်းကမ်းကောင်းမွန်ပြီး ဥပဒေ၊ လုပ်ထုံးလုပ် နည်းကျွမ်းကျင်တဲ့ တပ်ဖွဲ့ဝင်ကောင်းများ ဖြစ်အောင်ကြိုးစား ဆောင်ရွက်သွားကြ ပါလို့တိုက်တွန်းအမှာစကားပြောကြားခဲ့သည်။

ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများက သင်တန်းသား များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးစကားပေပြာကြာပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်းသိရသည်။

အဆိုပါ သင်တန်းတွင် သင်တန်းနည်းပြများက သင်တန်းသားတပ်ဖွဲ့ဝင်(၅၀)ဦးကိုစည်းရုံးရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အထောက်အကူပြုစေမဲ့ စိတ်ဓာတ်စစ်ဆင်ရေး ဘာသာရပ်(၁၀)မျိုး၊ စိတ်ဓာတ်မြင့်မားရေး ဘာသာရပ်(၁၄)မျိုး၊စည်းရုံးရေးဘာသာရပ်(၉)မျိုး၊ စစ်နည်းဗျူဟာဘာသာရပ်(၁၃)မျိုးတို့ကို ၄-၅-၂၀၂၆ မှ ၁၂-၆-၂၀၂၆ရက်နေ့အထိ ရက်သတ္တ(၆)ပတ်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချ သင်ကြားပေးသွားမှာဖြစ်ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)