မိုင်းပန် မေ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် နွေရာသီ တပင်တိုင်အက၊ ကဗျာလွတ်အက၊ ရှမ်းတိုင်းရင်းသားအကသင်တန်းကို မြို့နယ်အခြေခံပညာအထက်တန်းကျောင်း (မိုင်းပန်) ၌ ယမန်နေ့ နံနက် ၉ နာရီက ဖွင့်လှစ်ခဲသည်။
အဆိုပါသင်တန်းအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်နှင့် အဖွဲ့ဝင်များ တက်ရောက်အားပေးခဲ့ကြပြီး လိုအပ်သည်များ မှာကြားခဲ့သည်။ ဆက်လက်၍ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးအကြောင်းသိကောင်းစရာများ ဟောပြောခဲ့ပြီး အကအဖွဲ့ များက အခမ်းအနားသို့ တက်ရောက်လာသူများအား ဖျော်ဖြေကပြခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)