ရေကြည် မေ ၅
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်တွင် မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် တောင်သူနည်းပညာပြန့်ပွားရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၈) နာရီအချိန်က ကွင်းသုံးဆင့် ကျေးရွာအုပ်စု သပြေကွင်းကျေးရွာ မိုးကောင်းဓမ္မာရုံတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာကျုံပျော်ခရ်ိုင်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဝင်းကအဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဒေါ်အိအိချောက တောင်သူများနှင့်ပူးပေါင်း ဆောင်ရွက် မည့်ကိစ္စများ ပြောကြားခဲ့သည်။ ထို့နောက်ရေကြည်မြို့နယ်စိုက်ပျိုးရေးမြို့နယ် ဦးစီးမှူး ဦးကျော်ထွန်းလင်းက တောင်သူများပန်းတိုင်အထွက်နှုန်း ရရှိရေးနှင့်ပိုးသတ်ဆေး ဓါတ်ကြွင်းကျန် မှုမရှိစေရန်၊ အထွက်နှုန်းရရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း စသည့်နည်း လမ်းများနှင့် အညီစိုက်ပျိုးရေး၊ စိုက်နည်းစနစ်မှန်ကန်ပြီး ပိုးမွှားကျရောက်မှုကင်းစင်ရေးတို့ကို အသိပညာပေးဟောပြောခဲ့ကြောင်းသိရှိရပါသည်။
အဆိုပါအသိပညာပေး ဟောပြောပွဲ့သို့ခရိုင်အုပ်ချုပ်ရေးမှုး ဦးစောထွန်းဝင်း၊ ရေကြည်မြို့နယ် ပြည်သူ့ လွတ်တော်ကိုယ်စားလှယ် ဒေါ်အိအိချော၊ ရေကြည်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်း၊ ရေကြည်မြို့နယ်စိုက်တိုးမြှင့် အဖွဲ့ဝင်မြို့နယ်အဆင့်ဌာနဆိုင်ရာများ ဖိတ်ကြားထား သောဧည့်သည်တော်များစိုက်ပျိုးရေးဝန်ထမ်းများနှင့် တောင်သူများစုစုပေါင်း (၁၅၀)ဦးတက် ရောက်ခဲ့ပြီးတောင်သူအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)