ဘုတ်ပြင်း မေ ၅
ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးဘေးလုံခြုံရေး၊ မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရေးနှင့် မီးကိုပေါ့ဆစွာ အသုံးမပြုကြရန်အတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလိုက်လံ နှိုးဆော်ခြင်းကို မေလ ၃ ရက် ညနေ ၆ နာရီခန့်က မြို့နယ်မီးသတ်ဦးစီးဌာနမှ မော်တော်ယာဉ်ဖြင့် မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်နှိုးဆော်ခဲ့ကြောင်းသိရသည်။
ထိုသို့လှည့်လည်အသိပေးနှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် သင့်လျော်သည့် ရေနှင့် မီးသတ်ဆေးဘူးများအလုံအလောက်ထာရှိရန်၊ မီးလောင်မှု၊ မီးလန့်မှုမဖြစ်စေရေးအတွက် မီးရှို့ခြင်းမပြုလုပ်ကြရန်၊ မိမိတို့နေအိမ်တွင် အသုံးပြုနေသော ဟောင်းနွမ်းနေသည့် လျှပ်စစ် မီးကြိုးများအသစ်လဲလှယ်ရန်၊ ထင်း၊ မီးသွေးမီးဖိုဖြင့် ချက်ပြုတ်ပါက မီးကြွင်းမီးကျန်များ စနစ်တကျ ငြှိမ်းသတ်ရန်၊ မီးချိတ်၊ မီးကပ်၊ ရေတ ဘက်၊ သဲ၊ ရေ၊ မီးသတ်ဆေးဘူများ အဆင့်ထားရှိရန်နှင့် မီးရှို့ခြင်းဆောင်ရွက်လိုပါက မီးသတ်ဦးစီးဌာနသို့ ကြိုတင်အကြောင်းကြားရန် စသည့် မီးဘေး ကြိုတင်ကာကွယ်ရေးဆိုင်ရာ လိုက်နာရမည့်အချက်များကို လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)