အောင်မြေသာစံမြို့နယ်၌ ရက် ၁၀၀ စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ခြင်းနှင့် Biometric ကောက်ယူခြင်းများ ကွင်းဆင်းဆောင်ရွက်

အောင်မေသာစံ မေ ၅

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အောင်မြေသာစံမြို့နယ်ရုံးမှ ရက် ၁၀၀ စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းများ ကွင်းဆောင်ရွက်ခြင်းကို မေလ ၄ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ နန်းတော်ရှေ့နယ်လုံးဆိုင်ရာဓမ္မာရုံတွင် ဆောင်ရွက်ပေးကြသည်။

အဆိုပါကွင်းဆင်း ဆောင်ရွက်ရာသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီ (ခ) ဦးကျော်ဆန်း၊ ခရိုင်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေ၊ ခရိုင်လဝက ဦးစီးမှူး ဦးမောင်မောင်အေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်တို့ လာရောက်ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကြသည်။

မြို့နယ် လဝက ဦးစီးမှူး ဦးထွန်းဝင်း ဦးဆောင်သော ဝန်ထမ်းများက ဒေါနဘွားရပ်ကွက်မှ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၄၅ ကတ် အပါအဝင် Biometric ကောက်ယူခြင်း ၄၉ခုကို နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြင့်‌မော်ထွန်း(ပြန်/ဆက်)