မိုင်းခတ်မြို့နယ်၌ လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့‌ငွေများ လွှဲ‌ပြောင်းပေးအပ်

မိုင်းခတ် မေ ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ဧပြီ ၆ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးသွားသော အိမ်ထောင်စုများအား ထောက်ပံ့ငွေများ လွှဲပြာင်းပေးအပ်ပွဲကို ယနေ့မွန်းလွှဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ လေပြင်း‌ဘေးသင့်ပြည်သူများအား ကျိုင်းတုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ထောင်စု(၂၁)စုအတွက် ထောက်ပံ့ငွေကျပ် (၁၆၂၅၀၀၀/-) တိတိကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးဟန်ဝင်းလတ်နှင့် ဒုတိယမြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးချမ်းလတ်တို့က အသီးသီး‌ပေးအပ်ခဲ့ကြကြာင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)