ကျောက်ပန်းတောင်းမြို့နယ်၌ နှစ်(၈၀)ပြည့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကျင်းပ

ကျောက်ပန်းတောင်း မေ ၅

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၌ နှစ် (၈၀)ပြည့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို၊ မေ ၅ ရက် နံနက် ၉ နာရီက အောင်မင်္ဂလာရပ်ကွက်ရှိ မြို့နယ်မီးသတ်တပ်ဖွဲ့ရုံး အပေါ်ထပ်တွင် ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းလွင်က နှစ် (၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြုအမှာစကားပြောကြားသည်။ ယင်းနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌက မီးဘေးလုံခြုံရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် စိတ်အား ထက်သန်စွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် အရန်မီးသတ်ဒုတိယတပ်ရင်းမှူးနှင့် တပ်ခွဲမှူးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်သည်။ ဆက်လက်၍ မြို့နယ် အဆင့် မီးသတ်ကျင့်ဝတ် အကြပ်အဆင့်နှင့် တပ်သားအဆင့် ဖြေဆိုရာတွင် ဆုရရှိခဲ့ကြသူများအား မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနိုင်ဝင်းထွန်းက ဆုများအသီးသီးပေးအပ် ချီးမြှင့်သည်။ ထို့နောက် ဝန်ထမ်းနေအိမ်လိုင်းခန်းများ အသန့်ရှင်းဆုံးဆုများကို မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးထွန်းထွန်းလတ်က ဆုများပေးအပ်ချီးမြှင့်ပြီး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းမြင့်က မီးသတ်စခန်းအတွက် အလှူငွေများပေးအပ်လှူဒါန်းခဲ့ကြသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ကြောင်းသိရသည်။

နေအောင်(ပြန်/ဆက်)