စဉ့်ကိုင် မေ ၅
၂၀၂၆ခုနှစ်၊ မေလ ၅ ရက် (ယနေ့)ကျရောက်သည့် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် စဉ့်ကိုင်မြို့နယ်မီးသတ်ဦးစီးဌာနက ဝါဆိုကျောင်းတိုက်မှ ဆရာတော်သံဃာတော် သုံးပါးတို့အား နေ့ဆွမ်း၊ ဘောဇဉ်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်ပြီး ပရိတ်တရားတော်များနာယူခြင်းကို မေ ၅ ရက် နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဦးစွာ နံနက် ၁၀ နာရီတွင် မြို့နယ်မီးသတ်ဦးစီးမှူးဦးကြည်ဇော်ထိုက်နှင့် တပ်ဖွဲ့ဝင်များ၊ မိသားစုစည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အေးမြတ်သူခိုင်နှင့် ကော်မတီဝင်များက ဝါဆိုကျောင်းတိုက် ဆရာတော် အရှင်သီလဝံသထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်တို့အား လှူဖွယ်ဝတ္ထုများဆပ်ကပ်ကာ ရေစက်ချတရားနာယူခဲ့ကြကာ ဆရာတော်၊သံဃာတော်များအား နေ့ဆွမ်း ဆပ်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ စဉ့်ကိုင်မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် ဝါဆိုကျောင်းတိုက်သို့ သွားရောက်၍ ဘုရား၊ ပုထိုး၊ စေတီတော်အား ရေသပ္ပာယ်ပြီး သန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြကြောင်းနှင့် ပြည်သူများအား စတုဒီသာထမင်းများနှင့် အအေးများ ကျွေးမွေးခြင်းဖြင့် ကုသိုလ်ယူခဲ့ကြကြောင်း သိရသည်။
ကျော်စွာ(စဉ့်ကိုင်)