သာပေါင်း ဇွန် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ ဇွန်လ ၁၉ ရက်နေ့၊ မွန်းလွဲ ၂ နာရီအချိန်က ဆပ်ပြာဆီပြုလုပ်နည်းသင်တန်း ဖွင့်လှစ်သင်ကြားပို့ချခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ လစဥ်သင်တန်းများဖွင့်လှစ်ပေးလျက်ရှိရာ ယခုဆပ်ပြာဆီပြုလုပ်နည်း သင်တန်းဖွင့်လှစ်ပေးခြင်းဖြင့် မိသားစုဝင်ငွေ တိုးပွားလာစေရန်၊ကုန်ကျစရိတ်များ သက်သာစေရန်၊ နည်းပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ သင်တန်းများဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းနည်းပြ ဆရာမ ဒေါ်နှင်းနှင်းဝေက တက်ရောက်လာကြသော သင်တန်းသူ (၂၅) ဦးတို့အား ဆပ်ပြာဆီဖော်စပ်နည်းအဆင့်ဆင့်ကို စနစ်တကျ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
သိန်းမြင့်မျိုးဦး
သာပေါင်း (ပြန်/ဆက်)