ညောင်တုန်းမြို့နယ်တွင် အခြေခံလယ်ယာသုံးပစ္စည်းပြုပြင်ထိန်းသိမ်းနည်းနှင့် တစ်လုံးထိုးအင်ဂျင် စက်ပြင်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ညောင်တုန်း ဇွန် ၂၀

ဧရာတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၄) ဖြင့်ဆောင်ရွက်သည့် အခြေခံလယ်ယာသုံးပစ္စည်းပြုပြင်ထိန်းသိမ်းနည်းနှင့် တစ်လုံးထိုး အင်ဂျင်စက်ပြင်သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက စက္ကော့ဝောာင်ကျေးရွာအုပ်စု၊ အုန်းပင်စု ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်လင်းနိုင်ကမဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် လုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြားပြီး စက္ကော့တောင်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးက အခြေခံလယ်ယာသုံးပစ္စည်းပြုပြင်ထိန်းသိမ်းနည်းနှင့် တစ်လုံးထိုးအင်ဂျင်စက်ပြင်သင်တန်းကို နည်းစနစ်တကျ လေ့လာသင်ယူပြီးဖြစ်၍ အကျိုးရှိစွာ အသုံးပြုရန်လိုကြောင်းပြောကြား၍ သင်တန်းနည်းပြဆရာအား ဂုဏ်ပြုမှတ်တမ်းကိုလည်းကောင်း၊ ထူးချွန် သင်တန်းသားနှင့် သင်တန်းသားများအား ဆုလက်‌ဆောင်နှင့် သင်ဆင်းလက်မှတ်များကိုလည်းကောင်း တာဝန်ရှိသူများက ဂုဏ်ပြုပေးအပ်ခဲ့သည်။ 

အဆိုပါ အခြေခံလယ်ယာသုံးပစ္စည်းပြုပြင်ထိန်းသိမ်းနည်းနှင့် တစ်လုံးထိုးအင်ဂျင်စက်ပြင်သင်တန်းကို ဇွန်လ ၅ ရက်နေ့မှ ၁၉ရက်နေ့ထိ သင်တန်းသား(၂၀)ဦးအား စာတွေ့လက်တွေ့သင်ကြားပို့ချပေးခဲ့‌ကြောင်း သိရသည်။

မြို့နယ် (ပြန်ဆက်)