ဟင်္သာတ ဇွန် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် ဇွန်လ ၂၀ ရက်နေ့ နံနက် ၉ နာရီက အခွန်ဆိုင်ရာကိစ္စရပ်များနှင့် ပြေစာများအပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြည်တွင်းအခွန်များဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး အခွန်ဦးစီးဌာနမှူး ဦးညီညီလှိုင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ဟင်္သာတမြို့နယ် အခွန်ဦးစီးဌာနမှူး ဒေါ်နော်ခူးဝါးဖောကအခွန်ဆိုင်ရာ တည်ဆဲဥပဒေများနှင့် ပြေစာများအပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်း စရာများကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် အခွန်ထမ်းပြည်သူ များနှင့် လုပ်ငန်းရှင်များမှ မရှင်းလင်းသည့် ကိစ္စရပ်များနှင့် အခြားသိရှိလိုသည်များကို မေးမြန်းခြင်းများခဲ့ရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီး အခွန်ဦးစီးဌာနမှူး ဦးညီညီလှိုင်က လိုအပ်သည်များကို နိဂုံးချုပ်အနေဖြင့် ဖြည့်စွက်ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်ထွန်း၊ ဟင်္သာတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မင်း၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး အခွန်ဦးစီးဌာ နမှူး ဦးညီညီလှိုင်၊ ဟင်္သာတမြို့နယ် အခွန်ဦးစီးဌာနမှူး ဒေါ်နော်ခူးဝါးဖောနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် အခွန်ထမ်းပြည်သူများနှင့် မြို့ပေါ်လုပ်ငန်းရှင်များ(၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။
ခရိုင်ပြန်ဆက် (ဟင်္သာတ)