ကျိုက်ထိုမြို့နယ် အ.ထ.က (ရွှေဥဩ) ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ဇွန် (၁၇) ရက် နံနက်(၁၀)နာရီက ကျိုက်ထိုမြို့၊ ဖက္ကလိပ်ကျေးရွာ ရှိ အ.ထ.က(ရွှေဥဩ) ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက်လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြ‌သည်။

မအူပင်မြို့၌ သဘာဝရေပြင်များအတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ သဘာဝရေပြင်များအတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားအား ယနေ့နံနက် (၈) နာရီက ထနီးကျေးရွာအုပ်စုရှိ ထနီးချောင်းဘာဝရေပြင်အတွင်း ဆောင်ရွက်သည်။

ပင်လုံမြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့အမှတ်(၁)အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက်(၉)နာရီ (၃၀)မိနစ်အချိန်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာနှင့် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

ငွေဆောင်မြို့၊ Yacht Club ဟိုတယ်၌ မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ် သရုပ်ပြသခြင်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ မီးသတ်ဦးစီးဌာနမှ ယမန်နေ့နေ့လယ်ပိုင်းက Yacht Club ဟိုတယ်ရှိ ဟိုတယ်ဝန်ထမ်းများအား မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်း၊ လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရေတာရှည်မြို့နယ်၌ ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို ဇွန် ၁၇ ရက်နေ့နံနက် ၉ နာရီအချိန်က အမတ်ကြီးခုံကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

(၂၃) ကြိမ်မြောက် အာဆီယံစားရေရိက္ခာဖူလုံရေးဆိုင်ရာ သတင်းအချက်အလက်စနစ်၏ ဦးဆောင်သူများ အစည်းအဝေးကျင်းပ

(၂၃) ကြိမ်မြောက် အာဆီယံစားရေရိက္ခာဖူလုံရေးဆိုင်ရာ သတင်းအချက်အလက်စနစ်၏ ဦးဆောင်သူများ အစည်းအဝေး(THE 23rd ASEAN FOOD SECURITY INFORMATION SYSTEM (AFSIS) Focal Point Meeting) ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် Hybrid စနစ်ဖြင့် ဇွန် ၁၇ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ ကျင်းပသည်။

ချောင်းဆုံမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း ကွင်းဆင်းဆောင်ရွက်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ ဗလငါးတန်နှင့် ပြည့်စုံ၍ ဘက်စုံထူးချွန်သူများ ပေါ်ထွန်းလာစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ဇွန်လ (၁၇) ရက်နေ့ နံနက်ပိုင်းက နှီးမုတ် (အ-လ-က) ကျောင်း၌ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ပြသခြင်းကို ကွင်းဆင်းဆောင်ရွက် ခဲ့ကြသည်။

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့်အဖွဲ့ လယ်ကိုင်းကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့်အဖွဲ့သည် ယမန်နေ့နံနက်(၁၁)နာရီက မအူပင်မြို့နယ်၊ မီးသွေးချောင်းကျေးရွာအုပ်စု၊ လယ်ကိုင်းကျေးရွာရှိ လယ်ကိုင်းဘုန်းတော်ကြီးကျောင်းသာသနာ့ဗိမာန်သို့ ရောက်ရှိလာပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ခိုလမ်မြို့၊ အ.မ.က(ခလရ၆၆)ကျောင်းတွင် Mobile Library စနစ်ဖြင့်စာအုပ်၊စာစောင်များ ငှားရမ်းပေးခြင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့နံနက်(၁၁)နာရီအချိန်က အခြေခံပညာမူလတန်းကျောင်း(ခလရ၆၆)ကျောင်းတွင် ဆောင်ရွက်ခဲ့ပါသည်။

မုဒုံမြို့နယ်၌ ဒေသခံတောင်သူများအား မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်း ၅၀၀၀ ကျော် ထုတ်ချေးပြီးစီး

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက ၂၀၂၅-၂၀၂၆ ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ မိုးစပါးနှင့်အခြားမိုးသီးနှံ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် စဉ်ဆက်မပြတ် ချေးငွေများကို ထုတ်ချေးပေးလျက်ရှိရာ ယနေ့အထိ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ စုစုပေါင်းကျပ် (၅၃၁၃) သိန်းကို ထုတ်ချေးပြီးစီးသွားပြီဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုး​ရေးဘဏ်ခွဲမှ သိရသည်။
Subscribe to