မော်လမြိုင်ကျွန်း ဇွန် ၂၀
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမြင့်စိုးနှင့်အဖွဲ့သည် ဇွန်လ ၁၉ ရက်နေ့ မွန်လွဲ ၃ နာရီ ၃၀ မိနစ်အချိန်က မော်လမြိုင်ကျွန်းမြို့နယ်၊ တန့်ငူကျေးရွာအုပ်စု၊ ကွမ်းခြံချောင်းခေတ်မှီစံပြကျေးရွာ၊ ဣစ္ဆာသယသာသနာ့မဏ္ဍိုင်ကျောင်းတိုက်ရှိ ဧကာယနမဂ္ဂင် ဗိမ္မာန်တော်သို့ရောက်ရှိလာပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။
ဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးနေထက်ရှိန်မှ တိုင်းဒေသကြီးအတွင်းရှိ ခေတ်မှီစံပြကျေးရွာများတွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုနှင့် လုပ်ငန်းထူထောင်သူများ၏ (၁)လပျမ်းမျှဝင်ငွေရရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြခြင်း၊ မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်နိုင်က ကွမ်းခြံချောင်းခေတ်မှီစံပြကျေးရွာ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် လုပ်ငန်းဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုးမှ ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေ ငွေကျပ် (၂၀၀) သိန်း ပေးအပ်ခဲ့ပြီး ဆောင်ရွက်ထားရှိမှုများအား လမ်းညွှန်အမှာစကားပြောကြားသည်။ ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကွမ်းခြံချောင်းခေတ်မှီစံပြကျေးရွာရှိ အောင်ချမ်းသာစာကြည့်တိုက်နှင့် ပန်းခြံတို့အားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဖျော်ဖြေရေးအဖွဲ့ဝင်များအား ဂုဏ်ပြုဆုငွေများချီးမြှင့်ပေးအပ်ခဲ့သည်။ ထို့နောက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ကွမ်းခြံချောင်းခေတ်မှီ စံပြကျေးရွာ၌ အရှည်ပေ (၇၀၀) ပေရှိ ယုဇနလမ်းအားကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေအားလည်းကောင်း၊ ဦးဝင်ကြည်၏ နို့စားနွားမွေးမြူရေးခြံအားလည်း ကောင်းကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးနှင့် အဖွဲ့ဝင်များ၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးနေထက်ရှိန်နှင့် ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကွမ်းခြံချောင်းကျေးရွာရှိ ဒေသခံပြည်သူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)